မာတိကာသို့ ခုန်သွားရန်

ဘီဘီစီ

ဝီကီပီးဒီးယား မှ
(BBC မှ ပြန်ညွှန်းထားသည်)
ဗြိတိသျှ ရုပ်သံထုတ်လွှင့်ရေး ကော်ပိုရေးရှင်း
British Broadcasting Corporation
လုပ်ငန်းရုပ်သံထုတ်လွှင့်မှု
တည်ထောင်သည့်နှစ်October 1922
ဌာနချုပ်လန်ဒန်မြို့, ယူနိုက်တစ် ကင်းဒမ်း
ဝန်ဆောင်မှု ဧရိယာကမ္ဘာတဝန်း
အရေးပါ ပုဂ္ဂိုလ်များSir Michael Lyons ဆာမိချယ်လ် လီယွန်စ်
(Chairman, BBC Trust)
Mark Thompson
(Director-General)
ဝန်ဆောင်မှုရုပ်မြင်သံကြား၊ ရေဒီယို၊ အွန်လိုင်း
ဝက်ဘ်ဆိုက်www.BBC.co.uk

ဗြိတိသျှ ရုပ်သံထုတ်လွှင့်ရေး ကော်ပိုရေးရှင်း (ဘီဘီစီ) (အင်္ဂလိပ်: British Broadcasting Corporation) သည် ယူနိုက်တက်ကင်းဒမ်း၏ အရေးပါသော ပြည်သူ့အကျိုးပြု ရုပ်သံဌာနတစ်ခုဖြစ်သည်။ ဝန်ထမ်း ၂၃,၀၀၀ ခန့်ရှိသည့် ကမ္ဘာပေါ်တွင် အကြီးမားဆုံး ရုပ်သံဌာနလည်းဖြစ်သည်။[][][] ဘီဘီစီဌာနချုပ်သည် လန်ဒန်မြို့တွင် တည်ရှိပြီး တော်ဝင်ချာတာအရ သီးခြားလွတ်လပ်စွာ လည်ပတ်သည့် သတင်းမီဒီယာဖြစ်သည်။[] ဘီဘီစီသည် အဓိကအားဖြင့် ယူကေအတွင်းရှိ ရုပ်မြင်သံကြားနှင့် ရေဒီယိုလိုင်စင်ကြေးဖြင့် ရပ်တည်သည်။ ယင်းလိုင်စင်ကြေးကို ဗြိတိသျှအစိုးရမှ နှစ်စဉ်သတ်မှတ်ပြီး ပါလီမန်မှ သဘောတူ အတည်ပြုပေးသည်။[] [][]

၁၉၃၂ ခုနှစ် ဒီဇင်ဘာလတွင် ဘီဘီစီ အင်ပါယာ ဆားဗစ်(BBC Empire Service) ဗွေဆော်ဦး ထုတ်လွှင့်ချက်များ စတင်ခဲ့ချိန်မှစ၍ ဘီဘီစီ ကမ္ဘာတလွှားအစီအစဉ် (BBC World Service) သည် ပြင်ပနိုင်ငံများသို့ ���ေဒီယို အစီအစဉ်များကို တိုက်ရိုက်သော်လည်းကောင်း အခြားဒေသမှတဆင့်သော်လည်းကောင်း လွှင့်ထုတ်ပေးသည်။ နောက်ပိုင်းတွင် ရုပ်မြင်သံကြား အစီအစဉ်များကိုလည်း ထုတ်လွှင့်လာပြီး ယနေ့တွင် အင်တာနက်ပေါ်တွင် ကြည့်ရှုနားဆင်နိုင်ရန် စီစဉ်ထားသည်။

ကိုးကား

[ပြင်ဆင်ရန်]
  1. BBC: World's largest broadcaster & Most trusted media brand။ Media Newsline။ 5 October 2010 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 23 September 2010 တွင် ပြန်စစ်ပြီး။
  2. Digital license။ Prospect။ 23 September 2010 တွင် ပြန်စစ်ပြီး။
  3. ၃.၀ ၃.၁ About the BBC – What is the BBC။ BBC Online။ 16 January 2010 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 23 September 2010 တွင် ပြန်စစ်ပြီး။
  4. BBC Annual Report & Accounts 2008/9: FINANCIAL PERFORMANCE။ 30 October 2009 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 12 February 2010 တွင် ပြန်စစ်ပြီး။
  5. TV Licensing: Legislation and policy။ 12 February 2010 တွင် ပြန်စစ်ပြီး။
  6. BBC Press Office: TV Licence Fee: facts & figures။ 1 August 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 12 February 2010 တွင် ပြန်စစ်ပြီး။

ပြင်ပလင့်ခ်များ

[ပြင်ဆင်ရန်]